• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အစိုးရမှ ဦးစားပေးချေးငွေဖြင့် ကမ္ဘောဒီးယားကားလမ်း စတင်ဖောက်လုပ်

(GMT+08:00) 2017-03-15 12:50:37

     ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး ရွှမ်ဘိုးသည်၊ ယခုလ ၁၄ ရက်နေ့က တရုတ်အစိုးရမှ ဦးစားပေးချေးငွေဖြင့် တည်ဆောက်သည့် ကမ္ဘောဒီးယား အမှတ်၅၁ ကားလမ်းစတင်ဖောက်လုပ်ရေးအခမ်းအနားသို့ တက်ရောက်ခဲ့ရာ၊ ကမ္ဘောဒီးယားဘုရင့် နိုင်ငံအနေနှင့်၊ ယနေ့ကဲ့သို့သော ဖွံ့ဖြိုးရေးအောင်မြင်မှုရရှိနိုင်ခဲ့ခြင်းသည်၊ ငြိမ်းချမ်း တည်ငြိမ်သော ဖွံ့ဖြိုးရေးပတ်ဝန်းကျင်မှ အကျိုးကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ဆက်လက်၍ ရွှမ်ဘိုးက၊ ယနေ့က အေးချမ်းတည်ငြိမ်သော ဖွံ့ဖြိုးရေးအခြေအနေ သည်၊ ကမ္ဘောဒီးယားနိုင်ငံအတွက် အလွန်အဖိုးတန်ပြီး၊ တရုတ်လုပ်ငန်းကုမ္ပဏီများသည်၊ ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးရေးရှေ့အလားအလာအပေါ် အကောင်းဘက်မှမြင်ကြကြောင်း ပြောကြားခဲ့သည်။

   Webradio