• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံတွင် ဆင်းရဲသူဦးရေ ၇၁ သိန်းရှိသေး

(GMT+08:00) 2017-03-15 10:53:10

ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော နောက်ဆုံးသုတေသနအစီရင်ခံစာအရ ထိုင်းနိုင်ငံတွင် ဆင်းရဲသူဦးရေ ၇၁ သိန်းရှိသေးပြီး နေ့စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆.၂ ဒေါ်လာ အောက် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည်ဆင်းရဲမှု ပပျောက်ရေးနှင့် ဝင်ငွေများနိုင်ငံဖြစ်ရန် ၆နှစ်မှ နှစ်၂၀ ခန့်လောက်ထိ လိုသေးကြောင်း၊ ဆင်းရဲသူအများစုသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း ပြည်နယ် ၃ ခုတွင် နေထိုင်ကြကြောင်း ထိုင်းနိုင်ငံ တရုတ်အမျိုးသားနေ့စဉ်သတင်းကို ကိုးကားပြီး တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

   Webradio