• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည်၊ ဂုဏ်ပြုကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00) 2017-03-14 12:41:53

      တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ တရုတ်-ဗြိတိန်သံတမန် ဆက်ဆံမှုထားရှိသည့် ၄၅ နှစ်မြောက်ကို ဂုဏ်ပြုသည့်အနေဖြင့်၊ ယခုလ ၁၃ ရက်နေ့က ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Theresa May နှင့် ဂုဏ်ပြုကြောင်းသဝဏ်လွှာကို အပြန်အလှန်ပေး ပို့ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

Theresa May ဆီသို့ ပေးပို့သော သဝဏ်လွှာတွင်၊ လီခေ့ချန်က၊ လွန်ခဲ့သည့် ၄၅ နှစ်အတွင်း တရုတ်-ဗြိတိန်၏ အကျိုးစီးပွားများရောနှောပေါင်းစပ်ခြင်းသည်၊ အဆက်မပြတ် နက်ရှိုင်းလာပြီး၊အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတွင်လည်း  အောင်မြင် မှုများစွာရရှိခဲ့ကာ၊ နှစ်နိုင်ငံပြည်သူများအနေနှင့်၊ အကျိုးများစွာ ခံစားရရှိခဲ့ကြ ကြောင်း ပြောကြားခဲ့သည်။

Theresa May မှ ပေးပို့သော သဝဏ်လွှာတွင်၊ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ အား ဆုမွန်ကောင်းတောင်လိုက်ကြောင်း ဖော်ပြခဲ့သည်ဟု သိရသည်။

 

   Webradio