• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရားစွဲဆိုခံသော တောင်ကိုးရီးယား သမ္မတဟောင်းသည် Cheong Wa Dae မှ ထွက်ခွါ

(GMT+08:00) 2017-03-13 12:32:16

တရားစွဲဆိုခံရပြီး ရာထူးမှ ပြန်လည်ရုပ်သိမ်းခြင်းခံခဲ့ရသော တောင်ကိုးရီးယားသမ္မတ ဟောင်း ပတ်ဂွမ်ဟေးသည် မတ်လ ၁၂ရက်နေ့ညက သမ္မတရုံး Cheong Wa Dae မှ ထွက်ခွါပြီး ဆိုးလ်မြို့ရှိ သူမ၏အိမ်သို့ ရွှေ့ပြောင်းသွားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

သမ္မတအနေနှင့် မိမိသည် သက်တမ်းပြည့်အောင် တာဝန်မထမ်းဆောင်နိုင်ခဲ့ သောကြောင့် အလွန်အားနာမိပါ ကြောင်း၊ မိမိကို ယုံကြည် ထောက်ခံသော နိုင်ငံသားများအား ကျေးဇူးတင်ရှိကြောင်း၊ မိမိသည် ရလဒ်အားလုံးကို လက်ခံမည်ဖြစ်ကြောင်း၊ အချိန်တန်ရင် အဖြစ်အမှန်များအားလုံး ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပတ်ဂွမ်ဟေးက အာဏာရ လစ်ဘာတီ ကိုးရီးယားပါတီ (Liberty Korea Party) မှ လွှတ်တော်အမတ် မင်းကြုံးဝတ်မှတစ်ဆင့် မီဒီယာများအား အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

   Webradio