• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိုင်ဘေးရီးယား၌ ငြိမ်းချမ်မှုထိန်းသိမ်းရေးတာဝန်ပြီးစီး၊ တရုတ်ရဲတပ်ဖွဲ့ပြန်လာ

(GMT+08:00) 2017-03-13 12:14:11

      လိုင်ဘေးရီးယားနိုင်ငံ၌ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတာဝန်ကို ထမ်းဆောင်နေသည့် တရုတ် ရဲတပ်ဖွဲ့မှ စတုတ္တအသုတ် အကြမ်းဖက်မှုကြိုတင်ကာကွယ်ရေးတပ်ဖွဲ့သည်၊ တစ်နှစ်ကြာ နိုင်ငံတကာငြိမ်းချမ်းမှုထိန်းသိမ်းရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက် ပြီးစီးပြီဖြစ်၍ မတ်လ ၁၂ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်က၊ စင်းလုံးငှါးလေယာဉ်ဖြင့် တရုတ်နိုင်ငံဟန်ကျိုးမြို့ ရှောက်ဆန်း-အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ယင်းအကြမ်းဖက်မှုကြိုတင်ကာကွယ်ရေးတပ်ဖွဲ့သည်၊ ၂၀၁၆ခုနှစ် မတ်လ ၁၁ ရက်နေ့က လိုင်ဘေးရီးယားနိုင်ငံ၌ တပ်စွဲခဲ့ပြီးနောက်၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတာဝန် ၆၂၇ ကြိမ် ကို အောင်မြင်ပြီးမြောက်စွာ တမ်းဆောင်ခဲ့ကြောင်းသိရသည်။

၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က ၊ ကုလသမဂ္ဂသည်၊ ယင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၄၀ ဦးအား ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့်ခဲ့သည်ဟု သိရသည်။

   Webradio