• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်အစိုးရနှင့်ဖိလစ်ပိုင်ကွန်မြူနစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်ကျင်းပမည်

(GMT+08:00) 2017-03-13 10:43:00

ဖိလစ်ပိုင်သမ္မတငြိမ်းချမ်းရေးဖြစ်စဉ်အတိုင်ပင်ခံ ဒူရေဇာက မတ်လ၁၂ရက်နေ့က ဖိလစ်ပိုင်အစိုးရနှင့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီတို့သည် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်ကျင်းပမည်ဟု ၁၂ရက်နေ့ကကြေညာခဲ့ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

နော်ဝေးအစိုးရ၏ ကြားဝင်စေ့စပ်ပေးခြင်းကြောင့် ဖိလစ်ပိုင်အစိုးရနှင့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီဦးဆောင်သော နိုင်ငံရေးအဖွဲ့ဖြစ်သည့် "ပြည်လုံးဆိုင်ရာ ဒီမိုကရေစီတပ်ပေါင်းစု" တို့သည် မတ်လ၁၀ရက်နေ့မှ ၁၁ရက်နေ့အထိ အလွတ်သဘောစေ့စပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နှစ်ဖက်တို့သည် ဧပြီလတွင် စတုတ္ထအကြိမ်တရားဝင်ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲကို ကျင်းပရန် သဘောတူညီမှုရရှိခဲ့ ကြကြောင်း သတင်းရရှိပါသည်။

   Webradio