• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်သူ့ကွန်ဂရက် တပ်မတော် ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေး တက်ရောက်

(GMT+08:00) 2017-03-13 10:31:46

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့ ညနေပိုင်းက ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေး လွတ်မြောက်ရေးတပ်မတော် ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရာတွင်၊ စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးမှုနှင့် သိပံ္ပနည်းပညာ တိုးတက်မှု အပေါ် မူတည်ပြီး တပ်မတော်နှင့် ပြည်သူများ ရောနှော ပူးပေါင်း ဖွံ့ဖြိုးရေး မဟာဗျူဟာကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူများ ရောနှော ပူးပေါင်း ဆန်းသစ်သီတွင်ရေး စည်းစနစ်သစ်ကို လျင်မြန်စွာ ထူထောင်ရမည် ဖြစ်ပြီး တပ်မတော် ထူထောင်ရေးအတွက် အားကောင်းသော သိပံ္ပနည်းပညာ အထောက်အကူကို ဖန်တီးပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio