• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်သည် တရုတ်-မြန်မာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အကြောင်း ပြောဆို

(GMT+08:00) 2017-03-12 10:02:14

မကြာမီက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်သည် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် မြန်မာ၏ လူကောင်းလူတော် ပျိုးထောင်ရေးနှင့် တရုတ်-မြန်မာ ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အမြင်များ ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်တွင် တရုတ်-မြန်မာ အသက်မွေးပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ချောမောစွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  ပထမ အသုတ် မြန်မာ ပညာတော်သင် ၈၇ ဦးကို လွန်ခဲ့သည့်နှစ်က တရုတ်ပြည် အဆင့်မြင့် အသက်မွေး ပညာသင်ကျောင်းသို့ စေလွှတ်ခဲ့ပြီး ဒုတိယ အသုတ် ပညာတော်သင် ၈၅ ဦးသည်လည်း ယခုနှစ် ဖေဖေါ်ဝါရီလတွင် တရုတ်ပြည်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။

   Webradio