• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးရား ဗုံးဖေါက်ခွဲမှုတွင် အီရတ် နိုင်ငံသား ၁၆၀ သေကြေဒဏ်ရာ ရရှိ

(GMT+08:00) 2017-03-12 09:14:21

အီရတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက၊ ၁၁ ရက်နေ့က ဆီးရီးယားနိုင်ငံ ဒမ္မတ်စကပ်မြို့တော်၌ ဖြစ်ပွါးခဲ့သော ဗုံးဖေါက်ခွဲမှုတွင် အီရတ် နိုင်ငံသား ၄၀ ဦး သေဆုံးပြီး ၁၂၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု ၁၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အီရတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင်၊ ဒမ္မတ်စကပ်မြို့ ရှီယက်ဂိုဏ်း ဘာသာရေး ဘူမိနက်သန်သို့ သွားရောက်ကြည့်ရှုသော အီရတ် နိုင်ငံသားများ တင်ဆောင်ထားသော ဘတ်စကားသည် ယင်းနေ့၌ ဗုံးဖေါက်ခွဲမှု ခံခဲ့ရသည်ဟု ဖေါ်ပြထားကြောင်း သိရပါသည်။

   Webradio