• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချန်မြစ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတရုတ်အတွင်းရေးမှူးရုံးတည်ထောင်

(GMT+08:00) 2017-03-11 15:30:48

လန်ချန်မြစ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတရုတ်အတွင်းရေးမှူးရုံး တည်ထောင်ပွဲအခမ်းအနားကို ယမန်နေ့ ၁၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြော ကြားခဲ့သည်။ တရုတ်ဘက်က သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်နှင့်ဒေသနိုင်ငံခြားရေးရုံး မှ တာဝန်ခံ၊ တရုတ်နိုင်ငံဆိုင်ရာ မဲခေါင်မြစ်ဝှမ်းဒေသ၅နိုင်ငံမှ သံအမတ်ကြီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းမှကိုယ်စားလှယ်စသည့် ပြည်တွင်းပြည်ပဧည့်သည်တော် ၂၀၀ခန့် တက်ရောက် ခဲ့ကြသည်။

ဝမ်ယိက တရုတ်အတွင်းရေးမှူးရုံး၏တည်ထောင်ခြင်းသည် တရုတ်အစိုးရက မဲခေါင် မြစ်ဝှမ်းဒေသ ၅ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးသော ဆန္ဒနှင့် သန္နိဌာန်ကို  ထပ်မံပြဆိုကြောင်းပြောကြားသည်။

   Webradio