• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"China-Myanmar Bridge of Friendship Project" အခမ်းအနားအား စစ်တွေတက္ကသိုလ်တွင် အောင်မြင်စွာ ကျင်းပခဲ့

(GMT+08:00) 2017-03-11 11:37:22

၂၀၁၇ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင် China Foundation for Poverty Alleviation Myanmar Office မှ တာဝန်ယူဆောင်ရွက်သော "China-Myanmar Bridge of Friendship Project" အား ရခိုင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးကျော်လွင်၊ မြန်မာပြည်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr.Yang Shou Zheng ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ China Foundation for Poverty Alleviation Myanmar Office မှ Deputy Country Director Ms. Lin Yuan, တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် Media များအပါအ၀င်လူဦးရေး ၄၀၀ ခန့်အခမ်းအနားကိုတက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင် ရခိုင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်လွင်ဟာ မြန်မာပြည်အစိုးရဟာ ပညာရေးအပိုင်းကို အလေးနက်ထားရှိကြောင်း သို့သော် ရှေ့ပိုင်းကာလမှာ နိုင်ငံတော်ဟာပညာရေးပိုင်းမှာအားနည်းခဲ့ရတယ်။ ခုဆိုရင် နိုင်ငံတော်ဟာ ပညာရေးပြည့်ဝပြီး ထူးချွန်တဲ့နိုင်ငံသားကောင်း လိုအပ်နေပါတယ်။ ထို့ကြောင့် ဒီနေ့မှာစတင်ပြီဖြစ်တဲ့ တရုတ်မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် လူထူးလူချွန်များ မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပြီး စီမံကိန်းကိုလဲ ဆက်လက်အားပေးထောက်ခံသွားမှာဖြစ်ပြီး ရခိုင်အစိုးရအနေဖြင့် CFPA အား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr.Yang Shou Zheng က မြန်မာကျောင်းသားကျောင်းသူများအား မိမိ၏ပညာရေးကို အားကြိုးမာန်တက်ကြိုးစားရွေ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အကျိုးပြုနိုင်မည့် နိုင်ငံသားကောင်းရတနာများ ဖြစ်အောင်ကြိုးစားပါ။ တရုတ်မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလဲ နောင်လာနောင်သားများအနေဖြင့် ဆက်လက်တည်တံ့ခိုင်မြဲအောင် ကြိုးစားကြပါ။ ဒီနေ့ဒီပွဲဟာ တရုတ်မြန်မာချစ်ကြည်ရေးစီမံကိန်းအနေဖြင့် ရခိုင်ပြည်နယ်ရှိစစ်တွေ တက္ကသိုလ်နှင့် တောင်ကုတ် ဒီဂရီကောလိပ်တို့မှ ကျောင်းသားကျောင်းသူ (၁၀၀) ဦးအားပညာသင်နှစ် (၄)နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်တဲ့ အခမ်းအနားဖြစ်ပြီး ကျောင်းသားကျောင်းသူတို့၏ ပညာ သင်ကြားရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို အတက်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမယ့် စီမံကိန်း တစ်ခုဖြစ်ကြောင်း ပြောကြးသွားသည်။

China Foundation for Poverty Alleviation Myanmar Office မှ Deputy Country Director Miss Lin Yuan မှလဲ ရန်ကုန်မြို့နှင့်ရခိုင်ပြည်နယ်ရှိတက္ကသိုလ်နှင့်ဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ ပေါင်း (၇၀၀) အား ပညာသင်ထောက်ပံ့စရိတ်များပေးအပ်နေပြီဖြစ်ပြီး အနာဂတ်တွင်လဲ ပညာရေး၊ ကျန်းမာရေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တယ်ရယ်ပျက်စီးမှုမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လဲ ပါဝင်ကူညီသွားမှာဖြစ်ပြီး အခြားအသင်းအဖွဲ့များနှင့်အတူ တရုတ်မြန်မာချစ်ကြည် ရေးအား ခိုင်မြဲအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားသွားသည်။

CFPA အဖွဲ့အစည်းဟာမြန်မာနိုင်ငံတွင် INGO အသင်းမှတ်ပုံတင်လက်မှတ်ကို 2015 တွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိတဲ့ ပထမဆုံး China INGO အဖွဲ့အစည်းဖြစ်တယ်။ CFPA ဟာ ၂၀၀၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီဖြစ်ပွားပြီးနောက် အပြည်ပြည်ဆိုင်ရာ ရှေ့ပြေးစီမံကိန်းအား စတင်လုပ်ဆောင်ခဲ့ပြီး၊ (၁၀) နှစ်ကျော်ခန့်မှာ ရန်ပုံငွေ တရုတ်ယွမ်ငွေ သိန်းတစ်ထောင်ကျော်နှင့် လှူဒါန်းပစ္စည်းများအား ကောက်ခံရရှိခဲ့ပြီး ကမ္ဘာ့အနှံ့နိုင်ငံပေါင်း (၁၅) နိုင်ငံမှာစီမံကိန်းတွေကို စတင်ခဲ့ပါတယ်။ CFPA အဖွဲ့အစည်းဟာ မြန်မာ၊ နီပေါ၊ အီဒီရီုးဗီးယား၊ ဆူဒန်နှင့် ကန်ဗောဒီးယား နိုင်ငံအသီးသီးမှာ ထောက်ပံ့ရေးစီမံကိန်းများကို စတင်လုပ်ဆောင်နေပါသည်။

   Webradio