• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ အကြံ ၄ ခု

(GMT+08:00) 2017-03-11 11:36:01

        CVN-70 လေယာဉ်တင်သင်္ဘောများ တောင်ပင်လည်သို့ ဝင်ရောက်ပြီး အမေရိကန်နိုင်ငံ၏ လေယာဉ်တင်သင်္ဘော ၃ မျိုးစလုံး အာရှတိုက်၌ ရောက်ရှိလာကြောင်း၊ သာဒ့်ချထားရန် စက်ပစ္စည်းများကို တောင်ကိုးရီးယားနိုင်ငံသို့ သယ်ဆောင်ပြီး အမေရိကန်နှင့် တောင်ကိုးရီးယားနှစ်နိုင်ငံတို့သည် ပူးတွဲစစ်ရေး လေ့ကျင့်ပွဲကို ပြုလုပ်ကြကြောင်း၊ အမေရိကန်နိုင်ငံ-တရုတ် ကုန်သွယ်ရေးတွင် ပို့ကုန်ထက်သွင်းကုန်က စုစုပေါင်းပမာဏ၏ ၄၇ ရာခိုင်နှုန်းပိုများခြင်းကြောင့် အမေရိကန် အလုပ်အကိုင်နေရာချထားရေးနှုန်း ကျဆင်းလာသည်ဟု အမေရိကန်ကြေညာခဲ့ောကာင်း၊ မကြာခင်ရက်များအတွင်း တွေ့ရှိရသည်။ အမေရိကန်နိုင်ငံ၏ အဆိုပါဆောင်ရွက်မှုများသည် တရုတ်ပြည်ကိုသာ ရည်မှန်းထားခြင်းပင်ဖြစ်သည်။

        ယင်းဆောင်ရွက်မှုများသည် အမေရိကန်နိုင်ငံ၏ အကြံ ၄ ခုကို ဖော်ပြသည်။ ယင်းအကြံ ၄ ခုမှာ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ထင်မိခြင်း၊ သူများရှိသည်ကိုမြင်တော့ မနာလိုစိတ်ပေါ်လာခြင်း၊ ကိုယ့်အပြစ်ကို သူများ၏အပြစ်ဖြစ်အောင် ပြောထားခြင်းနှင့်၊ the Thucydides Trap ဟုခေါ်သော မအောင်မြင်ခြင်းသည် ဆုံးရှုံးမှုပင်ဖြစ်သည်ဟု ယူဆခြင်းတို့ ဖြစ်သည်။

       အမေရိကန်နှင့်တရုတ်နှစ်နိုင်ငံ စီးပွားရေး များစွာ ဆက်စပ်သည့်အတွက် တရုတ်ပြည်အား အမေရိကန်နိုင်ငံ၏ အဆိုပါ ဆောင်ရွက်မှုများသည် အမေရိကန်နိုင်ငံ အတွက်လည်း အကျိုးစီးပွားဆုံးရှုံးစေမည်။ တရုတ်ပြည်သည် ပူးပေါင်းဆောင်ရွက်ပြီး အကျိုးတူရရှိစေရေး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထု ကံကြမ္မာ တပေါင်း တစည်းတည်းဖြစ်ရေးစသည့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အဆိုပြုချက်များကို တင်ပြခဲ့သည်။ တရုတ်ပြည်တင်ပြသော အဆိုပြုချက်များသည် အမေရိကန်နိုင်ငံအတွက်လည်း အကျိုးရှိစေမည်ဟု ယူဆသည်။

   Webradio