• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် ပြဿနာကို အရှေ့တိုင်း နည်းလမ်းဖြင့် ဖြေရှင်းရန်လို

(GMT+08:00) 2017-03-10 15:19:18

ယခုလ ၈ရက်နေ့က တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင် အရှေ့တိုင်းနိုင်ငံနှင့် အနောက်တိုင်း နိုင်ငံများ၏ အဏ္ဏဝါ အမြင်များ မတူ ခြားနားချက်နှင့် ပတ်သက်၍ ပြောကြားရာ၌ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တရုတ်ပြည်သည် အဏ္ဏဝါ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားကြောင်း၊ အနောက်နိုင်ငံများတွင်မူ အဏ္ဏဝါ အခွင့်အရေး ထိန်းချုပ်ခြင်းကို အလေးထားကြောင်း ပြောကြားသည်။

လွန်ခဲ့သည့် ၂နှစ်က တောင်ပင်လယ် ပြဿနာကို အနောက် နိုင်ငံများမှ အင်အားစုများသည် ဦးဆောင်ပြီး တောင်ပင်လယ် အကျပ်အတည်းသည် ထိလိုက်သည်နှင့် ဝုန်းဆိုပေါက်ကွဲသွားသွားတော့မည့်သကဲသို့ ဖြစ်လာခဲ့သည်။ ယမန်နှစ်တွင် တောင်ပင် လယ်အခြေအနေ တင်းမာမှု လျင်မြန်စွာ လျော့ပါးလာကြောင်း၊ ဘာ့ကြောင့်လည်းဆိုတော့ ဒေသတွင်း နိုင်ငံများက အငြင်းပွားမှုနှင့် ယှဉ်ပြိုင်ခုခံမှုဖြင့် ပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းကို သိမြင်လာခြင်းကြောင့် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတယ် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပြင်ပ နိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှုများကို ငြင်းဆိုပြီး တရုတ်ပြည်နှင့် ဆက်ဆံမှု ပြန်လည် ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပြင်ပမှ အနှောင့်အယှက် ပြုမှုများကို ဖယ်ရှားပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား ညှိနှိုင်းတိုင်ပင်မှုဖြင့် တောင်ပင်လယ် ပြဿနာ ဖြေရှင်းရာတွင် တိုးတက်မှု လျင်မြန်စွာ ရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ဖေဖော်ဝါရီက အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သော ပူးတွဲ လုပ်ငန်း အဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲတွင် "တောင်ပင်လယ် စီမံခန့်ခွဲရေးမူ" ဘောင်အတွင်း ၌ပထမဆုံး မူကြမ်းကို ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ယင်းအပေါ် အလွန် ကျေနပ်မိကြောင်း ဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောကြားသည်။ ယခုအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် ရရှိသော အနှစ်သာရရှိသော တိုးတက်မှုမှာ တောင်ပင် လယ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး အတွက် တရုတ်နှင့် အာဆီယံတို့ လက်တွေ့ လုပ်ဆောင်နိုင်ခြေရှိသော တောင်ပင်လယ် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို ကိုယ်စီ တင်ပြမည် ဖြစ်ကြောင်း အင်ဒိုနီးရှား မီဒီယာမှ ထုတ်ပြန်ချက်ကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

ပြင်ပ အင်အားစုမှ အနှောင့်အယှက်ပြုမှု မရှိလျှင် တောင်ပင်လယ်သည် တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြားရှိ ငြိမ်းချမ်းရေး ပင်လယ်၊ ချစ်ကြည်ရေး ပင်လယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး ပင်လယ် အဖြစ် အစဉ်တစိုက် တည်ရှိနေမည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်က တောင်ပင်လယ် အခြေအနေ တည်ငြိမ်လာကြောင်း၊ ယင်းသည် တရုတ်နှင့် အာဆီယံ နိုင်ငံများမှ လက်တွဲကြိုးပမ်းမှု၏ အကျိုးရလဒ်ကြောင့်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့အတွက် အကျိုးရှိကြောင်း ရေးသားဖော်ပြသည်။

   Webradio