• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်ဝါရင့်သံတမန်အရာရှိသည်၊ယာယီနိုင်ငံခြားရေးဝန်ကြီးထမ်းဆောင်

(GMT+08:00) 2017-03-10 14:27:25

            ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတယ်သည်၊ ယခုလ ၉ ရက်နေ့က ဖိလစ်ပိုင်     လက်ရှိနိုင်ငံခြားရေးဒုဝန်ကြီး Manalo အား ယာယီနိုင်ငံခြားရေးဝန်ကြီးတာဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ပြီး၊ ၈ ရက်နေ့က Yasay၏ နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို တာဝန်ခန့်အပ်ရေးကော်မရှင်မှ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း တရုတ် သတင်း ဌာနမှ သတင်းအရသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းYasayသည်၊ အမေရိကန်နိုင်ငံသားဖြစ်ခဲ့ဖူးသည့် အဖြစ်မှန်ကို တိမ်ဝှက်ဖုံးကွယ်ခဲ့သောကြောင့်၊ ၄င်း၏ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ယခုလ ၈ ရက်နေ့က ဖိလစ်ပိုင် လွှတ်တော်မှ ပယ်ချခဲ့သည်။

ဖိလစ်ပိုင်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ Abellaသည်၊ ၉ ရက်နေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီးသစ်ကို သမ္မတ ဒူတာတယ်က မခန့်အပ်မီ အချိန်အတွင်း Manalo သည်၊ ယာယီနိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင် သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

 

   Webradio