• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာအချင်းပွားမှုဘက်များအပစ်အခတ်ချက်ချင်းရပ်စဲရန် တရုတ်ပန်ကြား

(GMT+08:00) 2017-03-10 14:25:48

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်ရွှမ်က၊ တရုတ်ဘက်သည်၊  မြန်မာအခြေအနေကို မျက်ခြေမပြတ် ဂရုစိုက်နေကြောင်း၊ မြန်မာ့အချင်းပွားဘက်များ အနေနှင့်၊ တတ်နိုင်သမျှသည်းခံစိတ်ထားပြီး အပစ်အခတ်ချက်ချင်းရပ်စဲကာ၊ အချင်းပွားမှု ဆက်မပြင်းထန်စေရန် ပန်ကြားကြောင်း ယခုလ ၉ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ကိန်ရွှမ်က၊ ယခုရက်များအတွင်း မြန်မာမြောက်ပိုင်းဒေသတွင် စစ်ရေးတိုက်ခိုက်မှု ဖြစ်ပွားခဲ့သောကြောင့်၊ ဒေသခံပြည်သူ အမြောက်အမြားသေကြေအနာတရဖြစ်စေခဲ့ ကြောင်း၊ အချင်းပွားမှုကြောင့် အရပ်သူအရပ်သားများအားထိခိုက်ခြင်းအပေါ် တရုတ်ဘက် က အပြစ်တင်ရှုတ်ချကြောင်းပြောကြားခဲ့သည်။

     ကိန်ရွှမ်က၊ မြန်မာအခြေအနေသည်၊ တရုတ်-မြန်မာနယ်စပ်ဒေသအေးချမ်း တည်ငြိမ် ရေးနှင့် သက်ဆိုင်ကြောင်း၊ တရုတ်ပြည်အနေနှင့်၊ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံ ကြောင်း၊ သက်ဆိုင်ရာဘက်များအနေနှင့်၊ သဘောကွဲလွဲမှုကို ဆွေးနွေးရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းပြီး၊  ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကာကွယ်ထိန်းသိမ်းရန် တရုတ်ဘက်က မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

 

   Webradio