• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လေထုအရည်အသွေး ကောင်းမွန်စေရေးတွင် သိသာသော အောင်မြင်မှု ရရှိဟု တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဆို

(GMT+08:00) 2017-03-10 14:14:47

ယခုလ ၉ရက်နေ့ ညနေပိုင်းက ၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီး ဌာန ဝန်ကြီး ချင်ကြည်နင်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဝန်ကြီး ချင်ကြည်နင်က လေထု ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှု စီမံကိန်းကို လက်တွေ့ဖော်ဆောင်ခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်၏ လေထု အရည်အသွေး ကောင်းမွန်စေရေး လုပ်ငန်း၌ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ယင်းသည် လက်ရှိ လေထုညစ်ညမ်းမှု ပြုပြင်ရေး ဦးတည်ချက်နှင့် နည်းလမ်း မှန်ကန်ခြင်းကို ဖော်ပြနေကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက ယခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဌာန အနေနှင့် သက်ဆိုင်ရာ ဥပဒေ ကျင့်သုံးမှုကို ဆက်လက် အင်တိုက်အားတိုက် ပြုလုပ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ဖောက်ဖျက်မှုများ အပေါ် မည်သို့မျှ သည်းခံမည် မဟုတ် ကြောင်း၊ လေထု၊ ရေနှင့် မြေဆီလွှာ ညစ်ညမ်းမှုများပြုပြင်ရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio