• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

IS အဖွဲ့ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ မ​ဟာ​မိတ်​အ​ဖွဲ့ ဝန်ကြီးများအဆင့် အစည်းအဝေးကို ကန် ကျင်းပမည်

(GMT+08:00) 2017-03-10 11:43:29

        အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်-တီလာစန်သည် ယခုလ ၂၂ ရက်နေ့တွင် ဝါရှင်တန်မြို့၌ IS အဖွဲ့ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ မဟာမိတ်ဖွဲ့ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဦးစီးကျင်းပပြီး IS အဖွဲ့အား ပိုမို ထိရောက်လျင်မြန်စွာ တိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်းများကို ဆွေးနွေးကြမည်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ IS အဖွဲ့ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ မဟာမိတ် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများသည် ယင်းအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးသည် ၄င်း မဟာမိတ်အဖွဲ့၏ ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးပင်ဖြစ်ကြောင်း သိရပါသည်။

   Webradio