• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျိုးသမီး၏ အခွင့်အရေးများကို အလေးထားရန် ကုလ ပန်ကြား

(GMT+08:00) 2017-03-09 19:03:06

မတ်လ ၈ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးနေ့ ဖြစ်သည်။ ထိုနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်နှင့် ကုလသမဂ္ဂ အမျိုးသမီးရေးရာရုံး အမှုဆောင် ဥက္ကဋ္ဌ မလမ်ဗို-ငကူကာသည် ကြေညာချက်ကို အသီးသီး ထုတ်ပြန်ခဲ့ရာ အမျိုးသား၊အမျိုးသမီး ကျား၊မ တန်းတူညီမျှရေး၊ အထူးသဖြင့် အမျိုးသမီးများ၏ စီးပွားရေး ဆိုင်ရာ အခွင့်အရေးကို အလေးထားရန် ပန်ကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်၏ ထုတ်ပြန်ကြေညာချက်တွင် အမျိုးသမီးမျယဒ၏ အခွင့်အရေးသည် လူ့အခွင့်အရေး၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂသည် တစ်ကမ္ဘာလုံးတွင် သက်ကျော်သက် မိန်းကလေး အပါအဝင် အမျိုးသမီးများ၏ အခွင့်အရေးများကို အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက်မည်ဟု ကတိပြုကြောင်း ဖော်ပြသည်။

၎င်းက အမျိုးသမီးများ၏ အခွင့်အရေးသည် လူ့အခွင့်အရေးပင် ဖြစ်ကြောင်း၊ သို့သော် ကမ္ဘာပေါ်တွင် အမျိုးသမီး၏ အခွင့်အရေး အပေါ် လျစ်လျူရှုခြင်း များစွာရှိနေသေးကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနှင့် မိမိသည် အမျိုးသမီး၏ ဦးဆောင်ရေး အခန်းကဏ္ဍ ဖော်ထုတ်ရန်၊ အမျိုးသား၊ အမျိုးသမီး ကျား၊မ တန်းတူညီမျှရေး အကောင်အထည် ဖော်ရန် အတွက် အစွမ်းကုန် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန် တွင် ကမ္ဘာသည် မတည်မငြိမ် ဖြစ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မိန်းကလေး အပါအဝင် အမျိုးသမီး သန်းပေါင်းများစွာတို့သည် ဒုက္ခကျရောက်နေကြောင်း၊ ၄င်းတို့၏ ဘက်စုံပါဝင် ဆောင်ရွက်မှု မရှိလျှင် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေး၊ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် အချင်းပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ကိုင်တွယ်ဖြေရှင်းရေး အပါ အဝင် မည်သည့် ရည်မှန်းချက်ကိုမျှ အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း၊ ကုလသမဂ္ဂ အနေနှင့် တစ်ကမ္ဘာလုံးက မိန်းကလေး အပါအဝင် အမျိုးသမီးအားလုံး အတွက် တစ်နေ့ပြီး တစ်နေ့ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ အားလုံးသည် ၄င်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် ပန်ကြားကြောင်း ဖော်ပြသည်။

ကုလသမဂ္ဂ အမျိုးသမီး ရေးရာရုံး အမှုဆောင် ဥက္ကဋ္ဌ မလမ်ဗို-ငကူကာက ၄င်း၏ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတကာ မိသားစုကြီး အနေနှင့် ၂၀၃၀ပြည့်နှစ်တွင် အမျိုးသား၊ အမျိုးသမီး ကျား၊မ တန်းတူညီမျှရေး အတွက် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ပန်ကြားကြောင်း ဖော်ပြသည်။

   Webradio