• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိ​ယ​သ​မုဒ္ဒ​ရာပတ်သမဂ္ဂ ခေါင်းဆောင်များအစည်းအဝေးကျင်းပ

(GMT+08:00) 2017-03-09 14:14:16

    ၂၀၁၇ခုနှစ် အိန္ဒိယသမုဒ္ဒရာပတ်သမဂ္ဂ ခေါင်းဆောင်များအစည်းအဝေးကို ယခုလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်အစည်းအဝေးစင်တာ၌ ကျင်းပခဲ့သည်။ အစည်း အဝေးတွင် အကြမ်းဖက်ဝါဒနှင့် အယူသန်ဝါဒများတားမြစ်တိုက်ဖျက်ရေး ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ရာ၊ မည်သည့်အကြမ်းဖက်ဝါဒမျိုးမဆို၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံမှုအပေါ် ဆိုးရွားစွာ ခြိမ်းချောက်ပြီး၊ စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးစုစည်းမှုကို ဆိုးရွားစွာ ထိခိုက်မည်ဖြစ်သဖြင့်၊ ဖက်အသီးသီးတို့အနေနှင့်၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် အားဖြည့်ပူးပေါင်းဆောင်ရွက်ကြသင့်ကြောင်းဖော်ပြခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

 

   Webradio