• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ ကောင်စီ အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2017-03-07 09:37:52

နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ ၂၀၁၇ ခုနှစ် ပထမအကြိမ် ကောင်စီ အစည်းအဝေးကို ယခုလ ၆ ရက်နေ့က သြစတြီးယား နိုင်ငံ ဗီယင်နာ မြို့တော်၌ ဖွင့်လှစ် ခဲ့ကြောင်း၊ ၅ ရက်ကြာ ကျင်းပမည့် ယခုအကြိမ် အစည်းအဝေးတွင် နိုင်ငံတကာ နျူကလီးယား လုံခြုံမှု အခြေအနေ၊ နျူကလီးယားနည်းပညာ အခြေအနေ၊ ကာဇက်စတန် နိုင်ငံ၌ တည်ဆောက်နေသော အနုမြူစွမ်းအင်အဖွဲ့ အပျစ်ဒီဂရီနိမ့် ယူရေနီယမ်ဘဏ် အခြေအနေ၊ အီရန်က အီရန် နျူကလီးယားဆိုင်ရာ ဘက်စုံစာချုပ် အကောင်အထည် ဖေါ်ဆောင်ရေး အခြေအနေနှင့် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာ စသဖြင့်ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ ဒါရိုက်တာချုပ် ယူကီယာ အာမာနိုသည် ကောင်စီ လုပ်ငန်း အစီရင်ခံစာကို တင်ပြပြီး နိုင်ငံတကာ နျူကလီးယား လုံခြုံမှုနှင့် နျူကလီးယား လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးကို အာရုံစိုက်နေကြောင်း ဖေါ်ပြခဲ့သည်။ ၄င်းက၊ ယခုအကြိမ် အစည်းအဝေးတွင် နျူကလီးယား ပြဿနာ၊ နျူကလီးယား ဓါတ်ရောင်ခြည် ဖြာထွက်မှု၊ နျူကလီးယား ပို့ဆောင်မှုနှင့် နျူကလီးယား စွန့်ပစ်ပစ္စည်း လုံခြုံစွာ ကိုင်တွယ် ဖြေရှင်းမှု စသည့်နယ်ပယ်များတွင် ကြိုးပမ်းဆောင်ရွက်မှုများကို စိစစ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် နျူကလီးယား နည်းပညာ  နောက်ကြောင်းပြန် သုံးသပ်မှု အစီရင်ခံစာကိုလည်း စိစစ်မည် ဖြစ်ပြီး ယင်းအစီရင်ခံစာတွင် လွန်ခဲ့သည့်နှစ် နိုင်ငံတကာ နျူကလီးယား လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ဖွံ့ဖြိုးမှု အခြေအနေကို ရေးသားဖေါ်ပြ ထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ နိုင်ငံ ၃၀ နိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံး ဓါတ်ပေါင်းဖို ၄၄၉ ခု လည်ပတ်နေဆဲ ဖြစ်ပြီး နျူကလီးယား ဓါတ်ပေါင်းဖို ၆၀ ကို ဆောက်လုပ် နေဆဲ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

   Webradio