• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် ဆူရီကော်မြို့၌ ၅့၉ အဆင့် မြေငလျင်လှုပ်

(GMT+08:00) 2017-03-06 14:53:32

        ယခုလ ၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသရှိ ဆူရီကော်မြို့၌ ရစ်ခ်ျတာစကေ ၅့ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ဖိလစ်ပိုင် ဒေသခံအစိုးရသည် ဘေးသင့်ရာဒေသအခြေအနေကို လေ့လာစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ဖိလစ်ပိုင်မီးတောင်နှင့် မြေငလျင်ဆိုင်ရာ သုတေသနဌာနမှ အစီရင်ခံစာအရ ယခုအကြိမ် မြေငလျင်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက ဆီရီကော်မြို့၌ ဖြစ်ပွားခဲ့သော ရစ်ခ်ျတာစကေ ၆့၇ အဆင့်ရှိ မြေငလျင်၏ နောက်ဆက်တွဲ ငလျင်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio