• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ စီမံခန့်ခွဲရေးတွင် တရုတ် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုဟု တရုတ်နိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီးဆို

(GMT+08:00) 2017-03-06 11:04:27

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများကို ကျင်းပလျက်ရှိရာတွင် ယခုနှစ် အစည်း အဝေး ၂ခု အပေါ် နိုင်ငံတကာ မိသားစုကြီးမှ အာရုံစိုက်ကြသည့် အချက်များနှင့် ပတ်သက်၍ တရုတ် နိုင်ငံ ဆိုင်ရာ စင်ကာပူ နိုင်ငံ သံအမတ်ကြီး လော့ကာလွန်က ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

သံအမတ်ကြီး လော့ကာလွန်က လွန်ခဲ့သည့် နှစ်ပေါင်း ၃၀အတွင်း တရုတ် စီးပွားရေးသည် လူအများ အာရုံစိုက်ရလောက်အောင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်က တရုတ် စီးပွားရေး ကျဆင်းသည့် ဖိအားပေးမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း စီးပွားရေး ၆့၇ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ လွန်ခဲ့သည့် နှစ်များက တရုတ်ပြည်သည် စီးပွားရေး ဖွဲ့စည်းပုံ ထိန်းညှိမှုကို အင်တိုက်အားတိုက် တွန်းအားပေးပြီး ပြည်တွင် စားသုံးမှု၊ ဆန်းသစ်တီထွင်မှု၊ လုပ်ငန်းတည်ထောင်မှု၊ နိုင်ငံတော်ပိုင် ကုမ္ပဏီများ ပြုပြင်ပြောင်းလဲမှု နှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှု တိုးမြင့်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် တရုတ် ခေါင်းဆောင်များက ယုံကြည်မှု အပြည့်အဝရှိသည်ဟု မိမိ ယုံကြည်ကြောင်း၊ တရုတ်ပြည်သည် အောင်မြင်မှုများ ရရှိမည်ဟု မိမိယုံကြည်ကြောင်း၊ တရုတ်ပြည်သည် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကြောင်းတစ်လမ်း ပေါ်တက်လှမ်းပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကို အကျိုးစီးပွား ရရှိခံစားစေမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ကမ္ဘာ့ စီမံခန့်ခွဲရေးတွင် တရုတ်ပြည်၏ အခန်းဏ္ဍနှင့် ပတ်သက်၍ လော့ကာလွန်က ကမ္ဘာ့ စီမံခန့်ခွဲရေးတွင် တရုတ်ပြည်သည် ပိုမိုများပြားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ရန် စင်ကာပူ နိုင်ငံက ကြိဆိုကြောင်း ပြောကြားသည်။

   Webradio