• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအလှည့်ကျ ဆီးရီးယားငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြီးစီး

(GMT+08:00) 2017-03-04 16:54:02

ဆီးရီးယားပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဒယ်မီစတူရာသည်၊ ဒေသ စံတော်ချိန် မတ်လ ၃ ရက်နေ့ညက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ စတုတ္ထအလှည့်ကျ ဆီးရီးယားဆိုင်ရာ ဂျီနီဗါစေ့စပ်ဆွေးနွေးပွဲပြီးစီးခဲ့၍ ယခုလနောင်ပိုင်းကာလတွင် အလှည့် သစ်ဆွေးနွေးပွဲကျင်းပမည်ဟု ခန့်မှန်းရကြောင်း ကြေညာခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

၁၀ လ ကြာရပ်ဆိုင်းခဲ့သည့် ဆီးရီးယားဆိုင်ရာ ဂျီနီဗါစေ့စပ်ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဂျီနီဗါ၌ ပြန်လည်ကျင်းပခဲ့သည်ဟု သိရသည်။

   Webradio