• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေး ယနေ့ ဖွင့်လှစ်

(GMT+08:00) 2017-03-03 17:49:52

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပဉ္စမ အကြိမ် အစည်းအဝေးကို ယနေ့ ၃ ရက်နေ့ ညနေ ၃ နာရီတွင် ပြည်သူ့ ခန်းမဆောင်ကြီး၌ ဖွင့်လှစ်မည် ဖြစ်ပြီး ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြီးစီးမည် ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် အဆိုပြုချက်များဆိုင်ရာ လုပ်ငန်း အစီရင်ခံစားကို ကြားနာ စိစစ်မည် ဖြစ်ကြောင်း၊ ထို့ပြင် ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေးသို့ တက်ရောက်ပြီး အစိုးရလုပ်ငန်း အစီရင်ခံစာ၊ ပြည်သူ့တရားရုံးချုပ်၏ လုပ်ငန်း အစီရင်ခံစာနှင့် ပြည်သူ့ ရှေ့နေရုံးချုပ်၏ လုပ်ငန်း အစီရင်ခံစာ စသည့် လုပ်ငန်းအစီရင်ခံစာကိုလည်း ကြားနာ၊ ဆွေးနွေးမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio