• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရေးပစ္စည်များကို တရုတ်သည် မြန်မာအားလှူဒါန်းပေး

(GMT+08:00) 2017-03-03 15:02:48

        တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာပစ္စည်းများကို မြန်မာအား လှူဒါန်းပေးရေး အခမ်းအနားကို မတ်လ၁ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အထူးကိုယ်စားလှယ် ရှေ့ကျင့်ဟွာ၊ မြန်မာ နိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် GACC ထိပ်တန်း အမှုဆောင် အရာရှိCEO ရိုဒါမူဒီအာတို့သည် ယခုအကြိမ်အခမ်းအနားသို့ တက်ရောက်ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါနအား သန့်စင်စွမ်းအင်သုံး မီးဖိုအလုံး ၁သောင်းနှင့် နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓါတ်အား ပေးစက်အလုံး ၅၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်းသတင်းအရသိရပါသည်။

   Webradio