• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကန် ဆက်ဆံမှု ရှင်းလင်းပြတ်သားလာ

(GMT+08:00) 2017-03-03 14:44:47

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီသည် မကြာမီက အမေရိကန်ဘက်မှ ဖိတ်ကြားချက်အရ အမေရိကန်သို့ သွားရောက်ပြီး သမ္မတထရမ့်နှင့် ထရမ့်၏အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ယင်းသည် ထရမ့် သမ္မတ တာဝန် ထမ်းဆောင်ပြီး တရုတ်-အမေရိကန် ကူးလူးဖလှယ်မှု၏ ပထမပိုင်းကဏ္ဍ ပြီးဆုံးကာ ကူးလူးဖလှယ်မှု၏ အပိုင်းကဏ္ဍသစ်တွင် ဝင်ရောက်ခဲ့ခြင်းကို ပြဆိုနေကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

တရုတ်-အမေရိကန် ကူးလူးဖလှယ်မှု၏ ပထမအပိုင်းကဏ္ဍတွင် ကောင်းမွန်သော အကျိုးရလဒ် ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တယ်လီဖုန်းဖြင့် ဆက်သွယ် ခဲ့ကြောင်း၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက် စဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသလို နှစ်ဖက် စီးပွားကုန်သွယ်ရေး အဆင့်မြင့် အရာရှိများလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ယင်းတိုက်ရိုက်ဆက်ဆံမှုများ သည် အကူးအပြောင်းကာလက နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးကြီးကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် တရုတ်-အမေရိကန် ဆက်ဆံမှု၏ အရေးကြီးပုံနှင့် တရုတ်-အမေရိကန် ဆက်ဆံမှု မည်သို့ ဖွံ့ဖြိုးတိုးတက်မလဲနှင့် ပတ်သက်၍ သဘောတူညီမှု များစွာ ရရှိပြီး လာမည့် အဆင့်ကာလ တွင် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို လမ်းညွှန်ဖော်ပြကာ နှစ်နိုင်ငံ ဆက်ဆံမှု ရှင်းလင်းပြတ်သားလာအောင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

လာမည့်အဆင့်ကာလတွင် နှစ်နိုင်ငံတို့သည် နယ်ပယ် ၂ခုတွင် ကူးလူးဖလှယ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ တစ်ခုက အဆင့်မြင့်ပြီး အဆင့်ဆင့် ကူးလူးဖလှယ်မှုနှင့် ဆက်ဆံမှုများကို တွန်းအားပေးမည်၊ နောက်တစ်ခု ကတော့ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို တိုးချဲ့မည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio