• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အားဖြည့်ပြုလုပ်ရန် အင်ဒိုမျှော်လင့်

(GMT+08:00) 2017-03-03 11:24:25

      အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Armanatha Nasir က၊ ယခုနှစ်များအတွင်း တရုတ်လုပ်ငန်းကုမ္ပဏီများမှ အင်ဒိုနီးရှား၌် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သည်၊ လျင်မြန်စွာတိုးပွားလာခဲ့ပြီး၊ အင်ဒိုနီးရှားအနေနှင့်၊ အခြေခံအဆောက်အအုံ တည်ဆောက် ရေးနှင့် စွမ်းအင်နယ်ပယ်များ၌ တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ယခုလ ၂ ရက်နေ့က ထုတ်ဖော် ပြောကြားခဲ့သည် ဟု ဆင်ဟွာသတင်းအရသိရသည်။

တရုတ်နိုင်ငံ၏ OBORတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ Nasir က၊ တရုတ်၏ OBOR မဟာဗျူဟာနှင့် အင်ဒိုနီးရှား၏ ကမ္ဘာ့အဏ္ဏဝါကျားကန်ပေးချက် မဟာဗျူဟာကို ညီညွတ်စေပြီး၊ အင်ဒိုနီးရှားအား ပိုမိုများပြားသည့် အကျိုးစီးပွားရရှိစေနိုင်မည်ဟု မျှော်လင့် ပါကြောင်း ပြောကြားခဲ့သည်။

   Webradio