• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာ ရည်မှန်းချက်များ ဖေါ်ဆောင်

(GMT+08:00) 2017-03-03 10:12:10
တရုတ်နိုင်ငံတော်ကောင်စီသည် ယခုလ ၁ ရက်နေ့က ၂၀၁၆ ခုနှစ် တရုတ် အစိုးရ လုပ်ငန်း အစီရင်ခံစာပါ ရည်မှန်းချက်များ ဖေါ်ဆောင်ရေးဆိုင်ရာ အခြေအနေများကို ထုတ်ပြန်ခဲ့ရာ ရည်မှန်းချက် ၃၀ ကျော်ကို အားလုံး ဖေါ်ဆောင်ခဲ့ပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။ ကျွမ်းကျင်ပညာရှင်များက၊ ယင်းသည် လွန်ခဲ့သည့်နှစ်က တရုတ်ပြည် စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက် နေသည်ဟု ပြဆိုနေပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်သည့် ၁၃ ခုမြောက် ငါးနှစ်စီမံကိန်းအတွက် ကောင်းမွန်သော အစဦးပိုင်း တစ်ရပ်ပင် ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ အစိုးရလုပ်ငန်း အစီရင်ခံစာပါ ရည်မှန်းချက်များတွင် ဂျီဒီပီ၊ စားသုံးကုန်ဈေးနှုန်း၊ မြို့ပြ အလုပ်အကိုင်နေရာချထားရေး၊ စွမ်းအင် သုံးစွဲရေး၊ မီးရထားနှင့် ကားလမ်း ရင်းနှီးမြှုပ်နှံရေး၊ ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဘဏ္ဍာရေး သုံးငွေ စသည့် လုပ်ငန်းနယ်ပယ်များ ပါဝင်ကြောင်း သိရပါသည်။ ငွေရင်းမြှုပ်နှံမှုသည် စီးပွါးရေး တိုးတက်ရေးဆိုင်ရာ အဓိက အင်အားပင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် မီးရထားလမ်း ဖေါက်လုပ်ရေး နယ်ပယ်တွင် ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ယွမ် ဘီလီယံ ၈၀၀ ကျော် ရှိပြီး ကားလမ်း ဖေါက်လုပ်ရေးဆိုင်ရာ ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ဘီလီယံ ၁၆၅၀ ကျော် ရှိကာ ဗဟို ဘတ်ဂျက်အရ ငွေရင်း မြှုပ်နှံမှု ပမာဏမှာ ယွမ် ဘီလီယံ ၅၀၀ ကျော် ရှိကြောင်း သတင်းရရှိပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည် ဂျီဒီပီ တိုးတက်နှုန်းမှာ ၆့ ၇ ရာခိုင်နှုန်း ရှိကြောင်း၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၃၁ သိန်းကျော် ရှိပြီး လျာထားသည့် ရည်မှန်းချက်ထက် ပိုများပါကြောင်း သိရပါသည်။
   Webradio