• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2017-03-03 09:05:14

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပဉ္စမ အကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို ယခုလ ၂ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ကိုချင့်သည် ပြည်တွင်းပြည်ပမှ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝမ်ကိုချင့်က၊ ၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပဉ္စမ အကြိမ် အစည်းအဝေးကို မတ်လ ၃ ရက်နေ့ ညနေ ၃ နာရီတွင် ပြည်သူ့ ခန်းမဆောင်ကြီး၌ ဖွင့်လှစ်မည် ဖြစ်ပြီး ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြီးစီးမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် အစည်းအဝေး၏  ပြင်ဆင်ရေးလုပ်ငန်းများ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

   Webradio