• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန်မြို့တော်၌ ဗုံးပေါက်ကွဲမှုများကြောင့် လူ၁၆ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိ

(GMT+08:00) 2017-03-02 15:18:46

        အာဖဂန် ကာဘူဘ်းမြို့တော့်၌ ယခုလ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ရာ မျက်မှောက်အချိန်အထိ အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ၁၆ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        တာလီဘန်အဖွဲ့သည် ယင်း ဗုံးပေါက်ကွဲမှုများကို ပြုလုပ်ခဲ့ခြင်းကို ကြေညာခဲ့သည်။ အာဖဂန် သမ္မတ ဂါနီသည် ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထိုနေ့တွင်ပင် ပြင်းထန်စွာ အပြစ်တင်ရှုတ်ချခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio