• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၇ နိုင်ငံရှိ ဥရောပသမဂ္ဂဆိုင်ရာ အကြံပြုချက် ၅ ရပ်ကို ဥရောပသမဂ္ဂ စက္ကူဖြူစာတမ်းတွင် တင်ပြ

(GMT+08:00) 2017-03-02 15:18:19

        ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌ ဂျုံကယ်သည် ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပလွှတ်တော် မျက်နှာစုံညီအစည်းအဝေးတွင် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ ထွက်ခွာပြီးနောက် ဥရောပသမဂ္ဂ အနာဂတ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းစာတမ်းတွင် ၂၀၂၅ခုနှစ် ၂၇ နိုင်ငံရှိ ဥရောပသမဂ္ဂဆိုင်ရာ အကြံပြုချက် ၅ ရပ်ကို တင်ပြခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဂျုံကယ်က ယင်းစက္ကူဖြူစာတမ်းသည် ယခုလ ၂၅ ရက်နေ့ ရောမသဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် နှစ် ၆၀ ပြည့်နေ့ အထိမ်းအမှတ်ပြုရန်ဖြစ်ကြောင်း၊ ထိုနေ့သည် ရောမသဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်နေ့ ဖြစ်ရုံသာမကဘဲ ၂၇ နိုင်ငံရှိ ဥရောပသမဂ္ဂ စတင်ထူထောင်သည့်နေ့လည်းဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

   Webradio