• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆွေးနွေးရေးနည်းလမ်းဖြင့် လစ်ဗျားပြဿနာဖြေရှင်းရန် အယ်လ်ဂျီးရီးယားထောက်ခံ

(GMT+08:00) 2017-03-02 15:14:19

      အယ်လ်ဂျီးရီးယားအနေနှင့်၊ ဆွေးနွေးရေးနည်းလမ်းဖြင့် လစ်ဗျားပြဿနာဖြေရှင်းရန် ထောက်ခံကြောင်း အယ်လ်ဂျီးရီးယား အရာရှိတစ်ဦးက ၁ ရက်နေ့က အလေးထား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

အယ်လ်ဂျီးရီးယားနိုင်ငံမက္ကရစ်ဘ်၊ အာဖရိကသမဂ္ဂနှင့် အာရပ်နိုင်ငံများ အဖွဲ့ရေးရာ ဝန်ကြီး Abdelkader Messahel က၊ လစ်ဗျားပြဿနာကို လစ်ဗျား ပြည်သူများ ဆွေးနွေး ရေးအပါအဝင်နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသင့်ကြောင်း၊ မည်သည့်ပြင်ပမှ ဝင်စွက်မှုမျှ ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူပြုမည်မဟုတ်ဟု အယ်လ်ဂျီးရီးယားယူဆ ကြောင်း၊ လစ်ဗျာပြည်သူများအနေနှင့် ကိုယ့်ပြဿနာဖြေရှင်းနိုင်စွမ်းရှိသည်ဟု မိမိ ယုံကြည်ပါကြောင်း မီဒီယာများ အား ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio