• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ဘေကျင်းမှာ ဆုံကြမယ်"မြန်မာဘာသာစာအုပ် နေပြည်တော်၌ ထုတ်ဝေဖျန့်ချိ

(GMT+08:00) 2017-03-02 14:25:10
ယမန်နေ့ မတ်လ ၁ ရက်နေ့က ပထမအကြိမ်အဖြစ် မြန်မာဘာသာဖြင့် ပြုစုသော တရုတ် ခရီးသွားလမ်းညွှန်ဖြစ်သည့် “ဘေကျင်းမှာ ဆုံကြမယ်” စာအုပ်ကို မြန်မာနိုင်ငံ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ထုတ်ဝေဖျန့်ချိရေးမိတ် ဆက်ပွဲကို ကျင်းပခဲ့သည်ဟုစီအာအိုင်သတင်းအရသိရသည်။ ထိုနေ့က ဖွင့်လှစ်ခဲ့သော တရုတ်-မြန်မာခရီးသွားပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပရာနေရာ၌ “ဘေကျင်းမှာ ဆုံကြမယ်” စာအုပ်မိတ်ဆက်ရေးပြခန်းသည် ဧည့်သည်တော် အတော်များများကို ဆွဲဆောင်ခဲ့သည်။ ဖိုရမ်သို့တက်ရောက်လာသော တရုတ်နိုင်ငံတော်ခရီးသွားလာရေးဦးစီးဌာနဒုညွှန်ကြား ရေးမှူးချုပ် ဒုကျန်းက ခရီးသွားလာရေးသည် ပြည်သူအကြား အပြန်အလှန်သိရှိနားလည်မှု ကို တိုးမြှင့်စေနိုင်သော အလွန်အရေးကြီးသောနည်းလမ်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်သော သံတမန်ဆက်ဆံရေး၏ ပြည်သူ့သဘောထားအခြေခံလည်းဖြစ်ကြောင်း၊ ယင်းစာအုပ်ထုတ် ဝေခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ကူးလူးဆက်ဆံရေးနှင့် ယဉ်ကျေးမှုကူး လူးဖလှယ်ရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲစေရေးအတွက် အကျိုးရှိကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းရေးမှူး ဦးရဲမွန်သည် “ဘေကျင်းမှာ ဆုံကြမယ် ”စာအုပ်ကို ဖတ်ရှုပြီးနောက် မြန်မာ့တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံအကြားခရီးသည်ပမာဏမှာ အဆက်မပြတ်တိုးများလာပြီး နှစ်နိုင်ငံအနေနှင့် ကောင်းမွန်သော ခရီးသွားအလားအလာကို ဖန်တီးနိုင်ရန်ယုံကြည်ကြောင်း ပြောကြားသည်။
   Webradio