• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရေးပစ္စည်များကို တရုတ်သည် မြန်မာအားလှူဒါန်းပေး

(GMT+08:00) 2017-03-02 13:58:05

တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရေးပစ္စည်းများကို မြန်မာအား လှူဒါန်းပေးရေးအခမ်းအနားကို မတ်လ၁ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် မြန်မာနိုင်ငံသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါနအား သန့်စင်စွမ်းအင်သုံးမီးဖိုအလုံး၁သောင်းနှင့် နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓါတ်အား ပေးစက်အလုံး၅၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်း၊ ယင်းပစ္စည်းများသည် မြန်မာပြည်မှ လယ်သမားများအတွက် သန့်စင်စွမ်းအင်ကို ထောက်ပံ့ပေးပြီး ၄င်းတို့၏ နေထိုင်မှုဘဝအခြေအနေကို ကောင်းမွန်စေနိုင်သည့်အပြင် ဖန်လွန်အိမ်ဓါတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရေးအတွက် အကျိုးလုပ်မည်ဖြစ်ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

တရုတ်ရာသီဥတုပြောင်းလဲမှုဆိုင်ရာအထူးကိုယ်စားလှယ် ရှေ့ကျင့်ဟွာ၊ မြန်မာ နိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးအုန်းဝင်းနှင့် GACCထိပ်တန်းအမှုဆောင်အရာရှိCEO ရိုဒါမူဒီအာတို့သည် ယခုအကြိမ်အခမ်းအနားသို့ တက်ရောက်ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio