• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"လူ့အခွင့်အရေး တွန်းအားပေးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူသား ကံကြမ္မာ အသိုက်အဝန်း အတူထူထောင်ရေး" ပူးတွဲကြေညာချက်ကို ထုတ်ပြန်

(GMT+08:00) 2017-03-02 12:25:35

ကုလသမဂ္ဂ ဂျီနီဗါရုံးနှင့် ဆွစ်ဇာလန်ရှိ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး မာကျောရှုသည် မတ်လ ၁ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၃၄ကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၄၀ နိုင်ငံကို ကိုယ်စားပြု၍ "လူ့အခွင့်အရေး တွန်းအားပေးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူသား ကံကြမ္မာ အသိုက်အဝန်း အတူထူထောင်ရေး" ပူးတွဲကြေညာချက်ကို ထုတ်ပြန် ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

မာကျောရှုက ခံယူချက် ၅ချက်ကို တင်ပြခဲ့ရာ၊ ပထမအချက်က အချုပ်အခြာ အာဏာပိုင်မှု တန်းတူညီမျှရေး စွဲကိုင်ခြင်း၊ ဒုတိယအချက်က တိုင်ပင်ဆွေးနွေးရေး ညှိနှိုင်းရန် စွဲကိုင်ခြင်း၊ တတိယအချက်က ပူးပေါင်း ဆောင်ရွက်ရေးဖြင့် အကျိုးတူစီးပွားရေးရရှိရန် စွဲကိုင်ခြင်း၊ စတုတ္ထအချက်က ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် နည်းယူလေ့လာရေးကို စွဲကိုင်ခြင်း၊ ပဉ္စမအချက်ကမူ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ခြင်းဖြစ်ကြောင်း၊ ဖော်ပြပါသည်။

   Webradio