• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားဖိုရမ် နေပြည်တော်၌ ကျင်းပ

(GMT+08:00) 2017-03-02 10:09:28

ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၁ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် -ခရီးသွား ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု၏ စွမ်းအင်သစ် - ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ခရီးသွားလုပ်ငန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် တုကျန်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယ ပြည်နယ်မှူး ချင်ရွှင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်တို့သည် ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖိုရမ်ကို တရုတ် နိုင်ငံတော် ခရီးသွားလုပ်ငန်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးနှင့် ယူနန် ပြည်နယ် အစိုးရတို့ ပူးတွဲ ဦးစီး ကျင်းပခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio