• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့် ၃နှစ် တရုတ် တရားရေး ပြုပြင်ပြောင်းလဲမှုတွင် အောင်မြင်မှုများစွာ ရရှိ

(GMT+08:00) 2017-03-01 18:46:07

တရုတ်ပြည်သူ့ တရားရုံးချုပ်သည် ဖေဖော်ဝါရီ ၂၇ရက်နေ့က တရုတ် တရားရုံးမှ တရားရေး ပြုပြင်ပြောင်းလဲမှု စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင်သတင်း အရ သိရသည်။

၎င်းစက္ကူဖြူစာတမ်းတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တရားဥပဒေနှင့် အညီ စီရင်ဆုံးဖြတ်ပိုင်ခွင့် သီးခြားတရားမျှတစွာ ကျင့်သုံးရေး၊ လူ့အခွင့်အရေး ဆိုင်ရာ တရားရေး အာမခံပေးရေး တိုးမြှင့်ခြင်း၊ တရားရေး တာဝန်ယူခြင်း စနစ် ပြည့်စုံစေရေး၊ တရားရေး ပွင့်လင်းမှု နက်ရှိုင်းစေရေး စသည့် နယ်ပယ်များတွင် တရားရုံးများမှ ကျင့်သုံးသည့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် ရရှိခဲ့သော အောင်မြင်မှုများကို ရေးသား ဖော်ပြကြောင်း သိရသည်။

တရုတ်ပြည်သူ့ တရားရုံးချုပ် ဒုဥက္ကဋ္ဌ လီရှောက်ဖိန်က လက်ရှိအချိန်တွင် တရားရုံး၏ တရားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ပင်မ မူဘောင်ကို အခြေခံအားဖြင့် တည်ဆောက် ပြီးစီးပြီ ဖြစ်ပြီး အကြိမ်သစ် တရားရေး ပြုပြင်ပြောင်းလဲမှု ကျင့်သုံးရာ ကာလတစ်ခု၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားသည်။

တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်တွင် ဝင်ရောက်သည်နှင့် အမျှ ပဋိပက္ခ၊ အငြင်းပွားမှုဖြစ်ပွားရန် အန္တရာယ် အဆက်မပြတ် တိုးပွားလာကာ ၂၀၁၆ခုနှစ်က တစ်ပြည်လုံးက တရားရုံးများမှ လက်ခံစစ်ဆေးသည့် အမှု စုစုပေါင်း ပမာဏမှာ ၂၃သန်း ကျော်ရှိပြီး ၂၀၁၅ခုနှစ်ကထက် ၁၈ရာခိုင်နှုန်း တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

လီရှောက်ဖိန်က တရားရုံးများသည် စနစ်ဆိုင်ရာ အားနည်းချက်ကို ဖြည့်ဆည်းပြီး နည်းလမ်းမျိုးစုံဖြင့် မှုခင်းများကို ကိုင်တွယ်ဖြေရှင်းကြောင်း ပြောကြားသည်။

   Webradio