• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံခရီးသွားလာရေးဦးစီးဌာန ဒုညွှန်ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး တို့ တွေ့ဆုံ

(GMT+08:00) 2017-03-01 14:15:51

ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နှင့် နေပြည်တော်သို့ ရောက်ရှိနေသော တရုတ်နိုင်ငံခရီးသွားလာရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် Mr.Du Jiang တို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နှင့်ပတ်သက်၍ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဦးအုန်းမောင်ကမြန်မာနှင့်တရုတ်နှစ်နိုင်ငံအကြားခရီးသွားလာရေးလုပ်ငန်းပူးပေါင်းဆောင်ရွက် မှုအလားအလာကောင်းမွန်ပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ခရီးသွား လုပ်ငန်းနှင့် ခရီးသွားလာရေး ဆိုင်ရာဝန်ထမ်းများလေ့ကျင့်ရေးစသည့်ကဏ္ဍအပေါ် ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန် မျှော်လင့် ကြောင်း ပြောကြားပါသည်။

Mr.Du Jiangသည် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံနှစ်ဖက်အကြားခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း၊ မြန်မာနိုင်ငံ၏ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် တရုတ်နိုင်ငံက ငွေကြေးနှင့် ဝန်ထမ်းလေ့ကျင့်ရေးဆိုင်ရာ ကူညီပံပိုးနိုင်ကြောင်း ပြောပါသည်။

ထိုသို့တွေ့ဆုံရာတွင် ယူနန် ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူးး Mr.Chen Shun၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr.Hong Liang၊ မြန်မာ နိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနညွှန်ကြားရေးမှူးးချုပ် ဦးတင့်သွင်တို့လည်း တက်ရောက်ခဲ့ကြသည်။

တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို မတ်လ ၁ရက်နေ့မှ ၂ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဒုတိယဝန်ကြီး Mr.Du Jiang သည် အစိုရအရာရှိ၊ ခရီးသွားလာရေးလုပ်ငန်းရှင်နှင့် ပညရှင်အပါအဝင် လူဦးရေ၁၀၀ကျော်ရှိသော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး  ထိုဖိုရမ်ကို တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပါသည်။

   Webradio