• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှား နိုင်ငံခြားရေးဒုဝန်ကြီးအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-03-01 13:05:16

တရုတ်နိုင်ငံခြားရေး ဝန်ကြီးလက်ထောက် လီဝှေ့လိုင်သည် ဖေဖေါ်ဝါရီလ ၂၇ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီး စီရိုမိုလိုတိုဖှ် နှင့်အတူ တရုတ်-ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီးအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို ပူးတွဲဦးစီးကျင်းပခဲ့ပါသည်။

၎င်းဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်တို့သည် နိုင်ငံတကာနှင့်ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး အခြေအနေ၊ နှစ်ဖက်နှင့်ဘက်စုံ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသောကိစ္စရပ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဖက်တို့က တရုတ်-ရုရှားအနေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးအားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်မှုကို ပူးတွဲထိန်းသိမ်းစောင့်ရှောင့်သင့်သည်ဟု တညီတညွတ်တည်းယူဆကြ ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio