• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား ဓာတု လက်နက်ပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေး ကောင်စီ အတည်မပြု

(GMT+08:00) 2017-03-01 13:04:56

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည်  ဆီးရီးယား ဓာတု လက်နက်ပြဿနာ ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့က မဲပေး ဆုံးဖြတ်ခဲ့ရာ ယင်းမူကြမ်းကို အတည်မပြုကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုနေ့တွင် ဗြိတိန်စသောနိုင်ငံများမှ ရေးဆွဲခဲ့သည့် ဆီးရီးယား ဓာတု လက်နက်ပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၉မဲ၊ ကန့်ကွက်မဲ ၃မဲ နှင့် ကြားနေမဲ ၃မဲဖြင့် ရှိကြောင်း၊ ရုရှား တရုတ် နှင့် ဘိုလီးဗီးယားတို့သည် ကန့်ကွက်မဲပေးပြီး ကာဇက်စတန် အီဂျစ်နှင့် အီသီယိုးပီးယားတို့ သည် ကြားနေမဲပေးခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များ ကန့်ကွက်မဲ ပေးသဖြင့် ယင်းမူကြမ်းကို အတည်မပြုခဲ့ကြောင်း၊ ယင်းမူကြမ်း၏ရည်ရွယ်ချက်မှာ ဓာတု လက်နက်ပြဿနာဆိုင်ရာ ဆီးရီးယား ပုဂ္ဂိုလ်နှင့်အဖွဲ့များအား အရေးယူရန်ဖြစ်ကြောင်း၊ သတင်းရရှိပါသည်။

   Webradio