• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား အမျိုးသားအား သတ်ဖြတ်သူများကို မလေးရှား တရာစွဲဆိုမည်

(GMT+08:00) 2017-03-01 10:11:18
မလေးရှား နိုင်ငံ ရှေ့နေချုပ် အာပန်ဒီက၊ မလေးရှား ရဲဘက်သည် မျိုးရိုးနာမည် ကင် ဖြစ်သည့် မြောက်ကိုးရီးယား အမျိုးသား သေဆုံးမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို တင်သွင်းခဲ့ပြီ ဖြစ်ပြီး ရှေ့နေရုံးသည် မတ်လ ၁ ရက်နေ့တွင် မြောက်ကိုးရီးယား အမျိုးသားကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည့် နိုင်ငံခြား အမျိုးသမီး နှစ်ယောက်ကို တရားစွဲဆိုရန် စီစဉ်ထားကြောင်း၊ ပြစ်မှု ထင်ရှားပါက ယင်းအမျိုးသမီး နှစ်ယောက်ကို သေဒဏ်ချနိုင်မည် ဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်ဟု စပူ လျန်ဟိုကျော်ပို သတင်းစာမှ သတင်းကို ကိုးကား၍ ဂလိုဘယ်တိုင်းမ်သတင်းစာတွင် ရေးသားဖေါ်ပြပါသည်။
   Webradio