• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယား စစ်ဘက်နှင့် လိုတယ်တို့ မြေယာ လဲလှယ်ရေးစာချုပ် ချုပ်ဆိုခြင်းကို ပြည်သူများ ကန့်ကွက်

(GMT+08:00) 2017-03-01 09:44:21

တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနသည် ယခုလ ၂၈ ရက်နေ့က လိုတယ် ကုမ္ပဏီအုပ်စုနှင့် သာဒ် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ချရန် မြေယာနှင့် ပတ်သက်ပြီး မြေယာ လဲလှယ်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ယင်းစာချုပ်အရ တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနသည် စတုရန်းမီတာ ၆ သောင်း ၇ ထောင် ကျယ်ဝန်းသည့် စစ်သုံးမြေယာ တစ်ကွက်ဖြင့် လိုတယ် ကုမ္ပဏီအုပ်စု၏ စတုရန်း မီတာ ၁၄ သိန်း ၈ သောင်း အကျယ်အဝန်း ဖြစ်သည့် ဂေါက်သီးရိုက်ကွင်း တစ်ကွက်ကို လဲလှယ်မည် ဖြစ်ကြောင်း၊ ယင်းမြေယာကို သာဒု ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ချရန်အတွက် အသုံးပြုမည် ဖြစ်ပြီး တောင်ကိုးရီးယား စစ်ဘက်သည် ယခုနှစ် မေလမှ ဇူလိုင်လအထိ ဖြန့်ချရေးလုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း တရုတ် ပြည်သူ့ နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

၂၈ ရက်နေ့ ၁၁ နာရီက တောင်ကိုးရီးယား ပြည်သူလူထုနှင့် အသင်းအဖွဲ့များသည် တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရှေ့၌ ဆန္ဒပြပွဲ ပြုလုပ်ပြီး လိုတယ် ကုမ္ပဏီ အုပ်စုနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ မြေယာ လဲလှယ်ရေး စာချုပ် ချုပ်ဆိုခြင်းကို ကန့်ကွက် ခဲ့ကြကြောင်း၊ ဆန္ဒပြသူများသည် ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်နှင့် ဂျပန်တို့၏ အကျိုးစီးပွါးအတွက် ကိုယ့်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် အကျိုးစီးပွါးကို ဆုံးရှုံးနစ်နာစေသည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး သာဒ် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ချခြင်းသည် တောင်ကိုးရီးယားနှင့် အမေရိကန်တို့ အတင်းအဓမ္မ ပြုလုပ်သော တရားဥပဒေကို ချိုးဖေါက်သော လုပ်ရပ်ပင် ဖြစ်သည်ဟုလည်း ဖေါ်ပြခဲ့ကြကြောင်း သတင်း ရရှိပါသည်။

   Webradio