• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးလူးဖလှယ်ရေး တရှိန်ထိုး တိုးလာ

(GMT+08:00) 2017-02-28 15:26:23

"အရှေ့တောင်အာရှ အံ့သြဖွယ်ရာ လှပသော ရှုခင်းများ"ဟု နာမည်ပေးထားသော ခရီးသွား ယဉ်ကျေးမှု ဆိုင်ရာ အကြီးစား အနုပညာ လက်ယာကို မကြာသေးမီက တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တုန်းရှင်းမြို့တွင် တရားဝင် တင်ဆက်ပြသခဲ့ ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ယင်းသည် holographic imaging အပါအဝင် မီဒီယာမျိုးစုံ နည်းပညာဖြင့် တရုတ်-အာဆီယံ အဆိုအကများ တင်ဆက်ဖျော်ဖြေမှု ဖြစ်ကြောင်း၊ ၄င်းတင်ဆက် ဖျော်ဖြေမှု အတွက် တရုတ် ယွမ်ငွေ ၁၅သန်းကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ တရုတ် ပြည်သူများသည် ၄င်းတင်ဆက်ဖျော်ဖြေမှုကို ကြည့်ခြင်းဖြင့် အရှေ့တောင်အာရှ ယဉ်ကျေးမှု၊ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝ အခြေအနေများကို ထိတွေ့ခံစားနိုင်ကြောင်း ရေးသားဖော်ပြသည်။

တုန်းရှင်းမြို့တော်ဝန် လီဝင်ချောင်းက မကြာခင်နှစ်များက အရှေ့တောင်အာရှ နိုင်ငံများတွင် ခရီးလှည့်လည်သော တရုတ် ခရီးသည် များပြားလာကြောင်း၊ နှစ်စဉ် တုန်းရှင်းမြို့ နယ်စပ်စခန်းမှ ပြည်ဝင်ပြည်ထွက် ဦးရေမှာ ၆သန်းကျော် ရှိကြောင်း၊ တရုတ် လုပ်ရှင်များသည် တရုတ်-အာဆီယံ ယဉ်ကျေးမှု လုပ်ငန်း ဈေးကွက်တွင် ဝင်ရောက် လုပ်ကိုင်လာကြကြောင်း ပြောကြားသည်။

ကွမ်ရှီး ဖန်ချင်ကန်မြို့ လူငယ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လုံချီစိန်းက တရုတ်နှင့် အာဆီယံ၏ ခရီးသွား ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ နှစ်ဖက်တို့၏ ယဉ်ကျေးမှု လုပ်ငန်းဈေးကွက် လိုအပ်မှု တစ်နေ့တခြား တိုးကြောင်း၊ တရုတ် လုပ်ငန်းရှင်များသည် တရုတ်-အာဆီယံ နိုင်ငံဖြတ်ကျော် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကောင်းဘက်မှ မြင်ပြီး ငွေရင်းနှင့် လူ့စွမ်းအားကို ရင်းနှီးမြှုပ်နှံလာကြောင်း သိရသည်။

   Webradio