• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိုင်အက်စ်အဖွဲ့တိုက်ဖျက်ရေးစီစဉ်ချက်ကို ကန်ကာကွယ်ရေးဝန်ကြီးဌာနတင်ပြ

(GMT+08:00) 2017-02-28 14:42:17

အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးမာတစ်စ်က အမေရိကန်တပ်ဖွဲ့ ဦးဆောင် မည့် အိုင်အက်စ်အဖွဲ့အားတိုက်ဖျက်ရေးစီးစဉ်ချက်တစ်ရပ်ကို ယမန်နေ့ ၂၇ ရက်နေ့က အိမ်ဖြူတော်ထံသို့ တင်ပြခဲ့သည်ဟု အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။

အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗီစ်က ယမန်နေ့ ၂၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ယင်းစီစဉ်ချက်သည် ပဏာမ အဆင့်ကာလတွင်ရှိနေကြောင်း၊ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။

 

   Webradio