• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ဆုံ

(GMT+08:00) 2017-02-28 10:22:22

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယမန်နေ့ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗိန်နှင့် ပီကင်း၌ တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝမ်ယိက ၂၀၁၅ ခုနှစ်တွင် ဥက္ကဌရှီကျင့်ဖျင်က စင်ကာပူနိုင်ငံသို့ ခရီးလှည့်လည်ခဲ့စဉ် နှစ်နိုင်ငံသည် အချိန်နှင့်တပြေးညီ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှု ထူထောင်ရန်ု သဘောတူကြကြောင်း၊ တရုတ်-စင်ကာပူ အချိန်နှင့်တပြေးညီဖြစ်သည့် ဆက်ဆံရေးကို လေ့တွေ့ကျဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက်တို့က OBOR တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းတပြေးညီ ဖြစ်စဉ်ကို လက်တွဲတွန်းအားပေးသင့်ကြောင်း၊ တရုတ်-အာဆီယံ ပိုမိုရင်းနှီးသောကံကြမ္မာအသိုက်အဝန်းတည်ထောင်ခြင်းကို တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

ဗီဗိန်က စင်ကာပူနိုင်ငံသည် တရုတ်ရှင်သန် ဖွံ့ဖြိုးမှုကို အားပေးထောက်ခံပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ရေရှည်အားကိုးရသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဖြစ်လိုကြောင်းပြောကြားသည်။

   Webradio