• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ငွေရင်းဈေးကွက် ကြပ်မတ်ရေးကို ဆက်လက် အားဖြည့်မည်

(GMT+08:00) 2017-02-28 09:58:54

တရုတ် စတော့ရှယ်ယာ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ လျူရှိယူက၊ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည်၏ ငွေရင်းဈေးကွက် လည်ပတ်မှု အခြေအနေမှာ ပုံမှန် တည်ငြိမ်ပြီး ယခုနှစ်တွင် ကြပ်မတ်ရေးလုပ်ငန်းကို အဓိကထား အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း မကြာမီက နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

လျူရှိယူက၊ ငွေရင်းဈေးကွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မိမိတို့သည် တလျှောက်လုံးဆိုသလို ဥပဒေနှင့်အညီ တင်းတင်းကျပ်ကျပ် ဘက်စုံ ကြပ်မတ်ရေးမူနှင့် အညီ ဆောင်ရွက်နေခဲ့ကြောင်း၊ ဤသို့ဖြင့် ပွင့်လင်းပြီး တရားမျှတသော ဈေးကွက် စနစ်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio