• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သမ္မတ ထရန့်သည် ယန်ကျယ်ချီနှင့် တွေ့ဆုံ

(GMT+08:00) 2017-02-28 08:39:35

အမေရိကန် သမ္မတ ထရန့်သည် ယခုလ ၂၇ ရက်နေ့က အိမ်ဖြူတော်၌ တရုတ် နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယန်ကျယ်ချီက၊ မကြာမီက ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ထရန့်တို့၏ တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးခြင်းသည် အနာဂတ် တရုတ်-အမေရိကန် ဆက်ဆံမှု အတွက် ဦးတည်ချက်ကို ညွှန်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် အမေရိကန်နှင့်အတူ ရန်ငြိုးမထားရေး၊ အပြန်အလှန် လေးစားရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုး ရှိစေရေး မူများနှင့်အညီ နှစ်ဖက်အကြား အဆင့်ဆင့်သော ကူးလူးဆက်ဆံမှုကို တွန်းအား ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ထရန့်ကလည်း၊ အမေရိကန်သည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို လွန်စွာ အလေးထားကြောင်း၊ နှစ်ဖက်အကြား အဆင့်မြင့် ကူးလူးဆက်ဆံမှုနှင့် နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio