• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အနာဂတ် တရုတ် စီးပွားရေး အပေါ် အကောင်းဘက်မှ မြင်နေဟု အင်ဒို သံအမတ်ကြီးဆို

(GMT+08:00) 2017-02-27 15:28:21

လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ တရုတ်ပြည်၏ နိုင်ငံတကာ သြဇာညောင်းမှု ကြီးမား လာပြီး တရုတ်နှင့် အခြား နိုင်ငံများ အကြား ဆက်ဆံမှု တစ်နေ့တခြား နွေးထွေး လာသည်။ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာနှင့် ဂလိုဘယ် စီမံခန့်ခွဲရေးတွင် တရုတ်ပြည်၏ အခန်းကဏ္ဍ အပါအဝင် ခေါင်းစဉ်များနှင့် ပတ်သက်၍ တရုတ် နိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီး စူဂင် ရာဟာဂျိုက တရုတ် ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

အနာဂတ်တွင် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ သံအမတ်ကြီး စူဂင်က မိမိသည် အကောင်းဘက်မှ မြင်နေကြောင်း၊ တရုတ် စီးပွားရေးသည် လက်ရှိ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် ဆက်လက် ကောင်းမွန်စွာ လျှောက်လှမ်းမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး ပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း တရုတ် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် တည်ငြိမ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများစွာသည်မူ စီးပွားရေး အကျပ်အတည်းများနှင့် ခက်ခဲစွာ ရင်ဆိုင်နေရ ကြောင်း၊ လာမည့် ၅နှစ် အတွင်း တရုတ်ပြည် နှစ်စဉ် စီးပွားရေး တိုးနှုန်း ၆-၇ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ပါက ၂၀၂၀ပြည့်နှစ်ရောက်လျှင် တရုတ်ပြည်သည် ကမ္ဘာပေါ်က အကြီးဆုံး စီးပွားရေး အုပ်စု ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ စူဂင်က ဂလိုဘယ်လိုက်ဇေးရှင်းတွင် မည်သည့်နိုင်ငံမျှ မပါဝင်လျှင် မရကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းသည် လွတ်လပ်သော ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံရေး အတွက် တံခါးဖွင့်ပေးကြောင်း၊ နိုင်ငံ အသီးသီး အနေနှင့် ထိန်းညှိမှု ပြုလုပ်ပြီး စီးပွားရေး ဆိုင်ရာ တံခါးဖွင့်ကာ ယှဉ်ပြိုင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေခံပေါ်တွင် ရှင်သန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ဖန်တီးပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

   Webradio