|
||||||||
|
|||||||||||||
တရုတ်ဗဟိုဘဏ်ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ်မှ ယမန်နေ့ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာ တရုတ်ငွေချေးစာချုပ်ဈေးကွက်ကို နိုင်ငံတကာ အဓိက ငွေချေးစာချုပ် ကိန်းညွှန်းတွင် ထည့်သွင်းရန် ကြိုဆို ထောက်ခံသည်ဟု ရေးသားဖေါ်ပြထားသည်။ယင်းသို့လုပ်ဆောင်လျှင် တစ်ကမ္ဘာလုံးငွေချေးစာချုပ် ဈေးကွက်၏ တစ်ခုလုံးအခြေအနေကို ပိုမိုတိကျမှန်ကန်စွာ ပြဆိုနိုင်ရုံသာမက တစ်ကမ္ဘာလုံးရင်းနှီးမြှုပ်နှံသူများသည် ငွေချေးစာချုပ်ဆိုင်ရာငွေရင်းကို ပိုမိုသင့်လျော်စွာ စီမံခန့်ခွဲရန်အတွက် အကျိုးလည်း ရှိမည်ဟုဆင်ဟွာသတင်းအရသိရသည်။
|