• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် အမေရိကန်သို့ ခရီးလှည့်လည်မည်

(GMT+08:00) 2017-02-27 12:32:02

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူလူ့ခန်းက အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝင်ယန်ကျယ်ချီသည် ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမေရိကန်သို့ ခရီးလှည့်လည်မည်ဟု ယမန်နေ့က ပြောကြား ကြောင်းဆင်ဟွာသတင်းအရသိရသည်။

 ခရီးလှည့်လည်စဉ်အတွင်း ယန်ကျယ်ချီသည် တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် အတူတကွဂရုစိုက်ကြသောကိစ္စများနှင့်ပတ်သက်၍ အမေရိကန်အဆင့်မြင့်အရာရှိများနှင့် အမြင်ချင်းဖလှယ်မည်ဟုသိရသည်။

   Webradio